Thursday, September 25, 2025

သူငယ်ချင်းတွေကို ၀တ်လစ်စလစ်ကပြ ဖျော်ဖြေဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အရိုက်အနှက် ခံခဲ့ရ

ပါကစ္စတန်နိုင်ငံမှာ အက်စ်မာ အဇစ်ဆိုတဲ့ အမျိုးသမီးဟာ သူ့ ယောက်ျားဖြစ်သူ မီအန်ဖိုင်ဇယ်နဲ့ ယောက်ျားရဲ့ သူငယ်ချင်းတွေကို ၀တ်လစ်စလစ် ကပြ ဖျော်ဖြေဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အရိုက်အနှက် ခံခဲ့ရရုံမက၊ ဆံပင်ညှပ်တာပါ ခံခဲ့ရတယ်လို့ ထွက်ဆို လာပါတယ်။

အက်စ်မာအဇစ်နဲ့ ခင်ပွန်းဖြစ်သူ မီအန်ဖိုင်ဇယ် တို့ဟာ လာဟိုးမြို့က အင်မတန် စျေးကြီးတဲ့ DHA အိမ်ရာမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။


အက်စ်မာအဇစ်က သူရဲ့ ဗီဒီယိုကို အွန်လိုင်းပေါ် မတ်လ ၂၆ ရက်နေ့က တင်ခဲ့တာ ဖြစ်ပါတယ်။


အွန်လိုင်းပေါ် မတင်ခင် အရင် နှစ်ရက်က အခင်းဖြစ်ခဲ့တာလို့ ဗီဒီယိုထဲမှာ အက်စ်မာအဇစ်က ဝမ်းပန်းတနည်း ပြောထားပါတယ်။


ယောက်ျားဖြစ်သူရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ သူတို့ရဲ့ လာဟိုးမြို့နေအိမ်မှာ ရှိနေစဉ် လူအများရှေ့ ၀တ်လစ်စလစ်နဲ့ ကပြဖို့ ယောက်ျားဖြစ်သူက ခိုင်းစေတာပါ။ အစပိုင်းမှာ ငြင်းဆန်ခဲ့တဲ့ အတွက် သူ အနှိပ်စက် ခံခဲ့ရတာ ဖြစ်တယ်လို့ မစ္စအဇစ်က ထွက်ဆိုပါတယ်။


“သူ့တပည့်တွေ အရှေ့မှာပဲ ကျွန်မရဲ့ အဝတ်တွေကို အကုန်ဆွဲချွတ်ပါတယ်။ ကျွန်မကို ၀တ်လစ်စလစ်နဲ့ ထားပြီးကခိုင်းတာပါ။


ကိုယ်တုံးလုံးချွတ်ပြီး အဝတ်မပါ ဗလာနတ္ထိနဲ့ ထားတဲ့အပြင်။ သူရဲ့ မိတ်ဆွေတွေရှေ့မှာ ကျွန်မကို လိင်ဆက်ဆံခဲ့တာပါ။ လက်မခံရင် ကြိုးတုပ် ချိတ်ဆွဲထားမယ်လို့လည်း အခြိမ်းအခြောက် ခံခဲ့ရတယ်လို့ မစ္စအဇစ်က ဆိုပါတယ်။



နောက်ပိုင်းကျ သူ့တပည့်တွေက ကျွန်မကို ၀ိုင်းချုပ်ထားတယ်။ ပြီးတော့ ကျွန်မဆံပင်တွေကို ညှပ်ပစ်လိုက်ကြတယ်” လို့ မစ္စအဇစ်က ဗီဒီယိုထဲမှာ ပြောဆို ထားပါတယ်။


ဒီနောက်မှာတော့ မစ္စအဇစ်ဟာ သူတွေ့ကြုံခဲ့ရတာတွေကို ရဲဌာနကို သွားပြီး သတင်းပို့ တိုင်ကြားပါတယ်။ ရဲဘက်က အရေးယူ ဆောင်ရွက်ဖို့ ကြန့်ကြာခဲ့တယ်လို့ မစ္စအဇစ်က ဆိုပေမယ့် ရဲတပ်ဖွဲ့ကတော့ သူတို့ ချက်ခြင်း အရေးယူတုံ့ပြန် ခဲ့ကြောင်း ပြောပါတယ်။


မစ္စအဇစ်ရဲ့ တိုင်တမ်းချက် ရရှိပြီး ချက်ချင်းပဲ သူတို့ရဲ့ နေအိမ်ရှိရာဆီ ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပေမယ့် အိမ်တံခါး သော့ပိတ်ထားတာ တွေ့ရတယ်လို့ ရဲတာဝန်ရှိသူက ပြောပါတယ်။ အိမ်ထဲထိဝင်ဖို့ကိုလည်း DHA အိမ်ရာ တာဝန်ရှိသူတွေက ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။


မစ္စအဇစ်ကတော့ သူ အွန်လိုင်းပေါ် တင်လိုက်တဲ့ ဗီဒီယိုကို ပြည်ထဲရေး ဒုဝန်ကြီး ရှီဟာရာ အဖရီဒီ သတိထားမိလာမှ ရဲတပ်ဖွဲ့ကို အရေးယူဆောင်ရွက်ဖို့ အမိန့်ထုတ်ခဲ့တာလို့ ပြောပါတယ်။ လက်ရှိမှာတော့ မစ္စတာဖိုင်ဇယ်နဲ့ တပည့်ဖြစ်သူ ရရှစ် အလီတို့ကို ရဲကဖမ်းထားပါတယ်။


မစ္စအဇစ်ကို ကနဦး ဆေးစစ်ထားချက်အရ မျက်နှာ၊ ပါးနဲ့ ဘယ်ဘက်မျက်လုံး တဝိုက် အညိုအမည်းစွဲနေတာ၊ ယောင်ရမ်းနေတာတွေ ရှိတယ်လို့ တွေ့ထားပါတယ်။


မစ္စတာဖိုင်ဇယ်ကို လုပ်ရိုးလုပ်စဉ် ရာဇဝတ် ပုဒ်မတွေနဲ့ မဟုတ်ဘဲ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဥပဒေနဲ့ပါ အရေးယူသင့်တယ် ဆိုပြီး မစ္စအဇစ်ရဲ့ ရှေ့နေအဖွဲ့က တောင်းဆို ထားပါတယ်။ မစ္စအဇစ် အကျူးလွန် ခံခဲ့ရတာဟာ ပါကစ္စတန် လူမှုအသိုင်းအဝိုင်း တစ်ခုလုံး ခေျာက်ချား သွားစေတဲ့ အတွက် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ပုဒ်မနဲ့ပါ အရေးယူ သင့်တယ်လို့ မစ္စအဇစ်ရဲ့ ရှေ့နေတွေက ပြောနေတာ ဖြစ်ပါတယ်။


မစ္စတာဖိုင်ဇယ် ရဲတွေ ရှေ့မှောက် ထွက်ဆိုထားတာကတော့ သူတို့ လင်မယား နှစ်ယောက်လုံး အခင်းဖြစ်စဉ်က မူးယစ်ဆေး သုံးထားကြပြီး မစ္စအဇစ်ဟာ ဆေးရှိန်နဲ့ သူ့ဘာသာ ဆံပင်တွေ စဖြတ်နေခဲ့တာလို့ ဆိုပါတယ်။


မစ္စအဇစ် သူ့ဘာသာ ဆံပင်တွေ ဖြတ်နေတာကို ဝင်ကူခဲ့တာသာ ဖြစ်တယ်လို့ မစ္စတာဖိုင်ဇယ်က ထွက်ဆိုထားပါတယ်။


သတင်းအချက်အလက် အခြေခံ ။ ၄ ဧပြီ ၂၀၁၉ ဘီဘီစီသတင်းများ 

Photo: Imaging 

No comments:

Post a Comment